ABOUT US
Formed in September 2022, Hope for Myanmar Inc. is committed to protecting, supporting, and empowering communities affected by conflict and natural disasters in Burma (Myanmar).
Hope for Myanmar Inc. ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် အခက်စခဲများကြုံတွေ့နေရသော လူမှုအသိုင်းအဝိုင်းများကို ကာကွယ်ပံ့ပိုးကူညီပြီး၊ အားပေးမြှင့်တင်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။
Hope for Myanmar
We provide compassionate care and essential assistance to refugees, displaced families, and vulnerable local communities in need. Guided by our core values of mercy, justice, and hospitality, we strive to create safe and supportive spaces where individuals and families can heal, rebuild their lives, and move forward with dignity, resilience, and hope for a brighter future.
ကျွန်ုပ်တို့သည် ဒုက္ခသည်များ၊ နေရပ်စွန့်ခွာထွက်ပြေးရသူများနှင့် အကူအညီလိုအပ်နေသော ဒေသခံပြည်သူများအား မေတ္တာနှင့်ပြည့်ဝသော စောင့်ရှောက်မှုများနှင့် အရေးပါသော အထောက်အပံ့များကို ပေးအပ်လျက်ရှိပါသည်။ ကရုဏာ၊ တရားမျှတမှုနှင့် ဧည့်ဝတ်ကျေပွန်မှုတို့ကို အခြေခံတန်ဖိုးများအဖြစ် ကိုင်စွဲထားပြီး လူပုဂ္ဂိုလ်များနှင့် မိသားစုများသည် ဂုဏ်သိက္ခာ၊ ခံနိုင်ရည်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်နှင့်အတူ ပြန်လည်ကုစားနိုင်ပြီး ဘဝကို ပြန်လည်တည်ဆောက်နိုင်ရန်နှင့် ရှေ့ဆက်တိုးတက်နိုင်ရန် လုံခြုံပြီး အားပေးကူညီသော ပတ်ဝန်းကျင်များကို ဖန်တီးပေးရန် ကြိုးပမ်းလျက်ရှိပါသည်။
A Commitment to Refugees and Displaced People
We believe in the transformative power of faith and compassion to restore hope and dignity to those displaced by hardship, persecution, and conflict in their homeland. Through our commitment to love and service, we provide steadfast support to refugees and displaced people, offering assistance and kindness without judgment while honoring the humanity of all, regardless of their background or beliefs.
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းနှင့် ကရုဏာတရား၏ ပြောင်းလဲနိုင်သော အင်အားကို ယုံကြည်ပြီး၊ မိမိနိုင်ငံအတွင်း အခက်အခဲများ၊ ဖိနှိပ်ညှဉ်းပန်းမှုများနှင့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသူများ၏ မျှော်လင့်ချက်နှင့် ဂုဏ်သိက္ခာကို ပြန်လည်ထူထောင်ပေးနိုင်သည်ဟု ယုံကြည်ပါသည်။
ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာရသူများ၏ နောက်ခံသမိုင်း သို့မဟုတ် ယုံကြည်ချက် မည်သို့ပင်ဖြစ်စေ မည်သည့် ခွဲခြားဆုံးဖြတ်မှုမျိုးမရှိဘဲ အကူအညီနှင့် ကြင်နာမှုကို ပေးအပ်ကာ၊ လူသားတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားပါသည်။
Vision Statement
ပဋိပက္ခနှင့် သဘာဝဘေးဒဏ်ခံရသူများ ဂုဏ်သိက္ခာရှိစွာ ပြန်လည်ထူထောင်နိုင်သော တရားမျှတပြီး ခံနိုင်ရည်ရှိသည့် လူမှုအသိုင်းအဝိုင်းများ ထွက်ပေါ်လာရန်။
Mission Statement
ပဋိပက္ခနှင့် သဘာဝဘေးဒဏ်ခံရသော လူမှုအသိုင်းအဝိုင်းများကို ဂုဏ်သိက္ခာရှိပြီး ခံနိုင်ရည်ရှိကာ ရေရှည်တည်တံ့သော လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများမှတစ်ဆင့် ကာကွယ်ပံ့ပိုး၍ စွမ်းဆောင်ရည်မြှင့်တင်ရန်။

President
Pu Saw Pum

Vice President
Pu Ethan Ramduhthang

Secretary
Mai Sui Siang

Assistant Secretary
Pa Ci Lian Thang

Treasurer
Mai Margaret Hnu

Assistant Treasurer
Mai Tey Mawi

Finance Secretary
Pi Sung Sung Zoong Lwe

Communications Director
Salai Thawm Luai Thang